အုတ်တွင်းမြို့နယ် ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်အား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား ကျင်းပပြုလုပ်

အုတ်တွင်း မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်ထက်မြက်သည့် လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ လေ့လာရေးခရီးစဥ် သွားရောက်ခဲ့ကြပြီး မေလ ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန်က အုတ်တွင်းမြို့သို့ ပြန်လည်ရောက်ရှိလာရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူမာ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက ပန်းကုံး၊ပန်းစည်းများနှင့် ဂုဏ်ပြုဆုငွေများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
အုတ်တွင်းမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုဆုပေးအပ်ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်း(အုတ်တွင်း)ကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူမာက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးမှ လူရည်ချွန်မောင်မယ် Grade-9 မှ ကျောင်းသား မောင်သူရိန်ထွန်းအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းများအား ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ၊အ.ထ.က(အုတ်တွင်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ထိုနောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်ထူး ချွန်ထက်မြက်သည့် လူရည်ချွန်မောင်မယ်ကျောင်းသားဖြစ်သည့် Grade-9 မှ မောင်သူရိန်ထွန်းက လေ့လာရေးခရီးစဥ်နှင့်ပတ်သက်၍ အတွေ့အကြုံများအား ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)