အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2025
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး စက်တင်ဘာလ(၃၀)ရက်နေ့ ညနေပိုင်းကလုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
Oct 02,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်‌တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ဈေးတန်းရပ်ကွက်ရှိ မိုဃ်းကောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 02,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပသည်။
Oct 02,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဏာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးလက်ရုံး၌ ကျင်းပခဲ့သည်။
Oct 02,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ (၃၀) ရက်နေ့ စတင်ကြေညာထားရာ ယမန်နေ့နံနက် (၉) နာရီက မလှိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Oct 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌  ယာယီနေရပ်စွန့်ခွာ ပြည်သူများထဲမှ အသက်(၁၈)နှစ်အထက် မဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ငရုတ်ကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီကမြို့ပေါ် ရပ်ကွက်(၁,၂)တွင်‌ နေထိုင်သောယာယီနေရပ်စွန့်ခွာ ပြည်သူနှင့်‌တွေ့ဆုံကာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 02,2025
‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
Oct 02,2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး (လားရှိုး) ရှိ ရဲရန်အောင်ခန်းမတွင် ကျင်းပခဲ့သည်။