အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ကြေညာထားရှိမှုအား တာဝန်ရှိသူများက အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီတွင် မြို့ပေါ်ရပ်ကွက်များတွင် ကြည့်ရူစစ်ဆေးခဲ့ကြ သည်။
Oct 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ပထမအကြိမ်အဖြစ် မဲစာရင်းကပ်ထားကြေငြာထားရှိခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများအလိုက် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Oct 02,2025
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊​ ချောက်မြို့နယ် မူလတန်းကြိုကျောင်း၏ ရင်သွေးငယ်လေးများကာယ၊ ဥာဏ၊ စာရိတ္တ ​ပေါင်းသင်းဆက်ဆံ​ရေးနှင့် စိတ်ခံစားမှုဆိုင်ရာအ​ခြေခံဖွံ့ဖြိုးမှုများ ဘက်စုံတိုးတက်​အောင်​လေ့ကျင့်၍ ရင်သွေးငယ်လေးများ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်​စေရန် ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက ယင်းကျောင်းရှိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 02,2025
ပြည်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ‌စက်တင်ဘာ ၃၀ရက် ယမန်နေ့မွန်းလွဲ ၁နာရီခွဲက သုတေသနစကားဝိုင်းကျင်းပပြုလုပ်ရာ ပြည်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံအရာရှိများနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဘာသာရပ်ပေါင်းစုံမှ ဆရာ၊ ဆရာမများ စုစုပေါင်း ၃၂၀ ခန့်တက်ရောက်ကြသည်။
Oct 02,2025
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ ၁၃ အုပ်စုတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ(၁)၊ (၁-က)များကို စက်တင်ဘာ ၃၀ ရက်နေ့နံနက်ပိုင်းက စတင်ကာ ကပ်ထားကြေညာလျက်ရှိပြီး  ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
Oct 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်ရုံးများတွင် ပထမအကြိမ်အဖြစ် မဲစာရင်း ကပ်ထားကြေညာထားရှိခြင်းကို အောက်တိုဘာ ၁ ရက်နေ့နံနက် (၁၁:၄၅)နာရီအချိန်မှ စတင်၍ သက်ဆိုင်ရာရပ်ကွက်များ အလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 02,2025
ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော် MSME အေဂျင်စီအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော် MSME အေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော် MSME အေဂျင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ MSME လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်သည်။
Oct 02,2025
မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း စက်တင်ဘာ ၃၀ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် လမ်းနှင့်တံတားအချို့ပျက်စီးခဲ့ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။