အမြို့မြို့အနယ်နယ်သတင်းများ

May 12,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ကြီးမှူးကျင်းပသည့် Football for School Programme အစီအစဉ်ဖြင့် အခြေခံ ဘောလုံးသင်တန်း၊ ကရာတေးဒိုသင်တန်း၊ တိုက်ကွမ် ဒိုသင်တန်းနှင့် စားပွဲတင်တင်းနစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ၅၆လမ်း၊ ၁၂၇လမ်းနှင့် ၁၂၈လမ်း ကြားရှိ ထထ-၃၆၊ အားကစားကွင်း၌ ကျင်းပသည်။
May 12,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်လုပ်ငန်းအရ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများအား ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 12,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ခန့်ထားနိုင်စေရေးအတွက် ယမန်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁)ရပ်ကွက် ရေအိုးစင်ဓမ္မာရုံ၊ အမှတ်(၂)ရပ်ကွက် အလယ်ဓမ္မာရုံနှင့် အမှတ်(၃)ရပ်ကွက်‌ ချောက်ရွာမဆုတောင်းပြည့်ဓမ္မာရုံတို့၌ အသီးသီးကျင်းပခဲ့သည်။
May 12,2026
ဓမ္မစကူးလ်ကျောင်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပြန်လည်အင်အားကောင်းနိုင်ရန်ရည်ရွယ်၍ ဓမ္မစကူးလ် ဖောင်ဒေးရှင်း(ဗဟို)၏ (၁၃၉၂)ကြိမ်မြောက် ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာကျောင်းတိုက်၌ ကျင်းပသည်။
May 12,2026
နေပြည်တော်၊ ပြင်ဦးလွင်၊ ငွေဆောင်၊ အင်းလေး လေ့လာရေးခရီးစဉ်သွားရောက်ရာမှ  ထားဝယ်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည့် ၂၀၂၆ခုနှစ် လူရည်ချွန်ကျောင်းသားများအား  မေ ၁၁ ရက်က တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ မိဘများနှင့် ကျောင်းသား/သူများက နွေးထွေးပျူငှာစွာ ကြိုဆိုဂုဏ်ပြုကြသည်။
May 12,2026
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၏ ထူးချွန်ထက်မြတ်သည့် မွန်ပြည်နယ်မှ လူရည်ချွန်မောင်မယ် ကျောင်းသား / သူများသည် ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်၊ နေပြည်တော်၊ ချောင်းသာအပန်းဖြေစခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ယမန်နေ့ညနေပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ / မများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား / သူများ၊ မိဘအုပ်ထိန်းသူများက ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
May 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူ Book Clup အသင်းဝင်လူငယ်များနှင့် စာရေးဆရာကောင်းသာ မြန်မာပြန်ဆိုသော "အောင်နိုင်သူအလား တွေးခေါ်စဉ်းစား "စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
May 12,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းတွင် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ဈေးသီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။