နတ်တလင်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်

နတ်တလင်း မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများတွင် အဖြစ်များတတ်သော ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အခြေခံမွေးမြူရေးသင်တန်းကို ယမန်နေ့က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ နတ်တလင်းမြို့နယ်ဦးစီးမှူး ဒေါက်တာအိဝေကျော်နှင့် ဝန်ထမ်းများက နိုင်ငံတော်အစိုးရသစ်လက်ထက် ရက် (၁၀၀) စီမံချက်ဖြင့် မွေးမြူထားရှိသည့် ကျွဲ၊ နွားများအား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးထိုးနှံခြင်း နွား၊ ဝက်၊ ကြက်၊ ဘဲ၊ ဆိတ်တိရစ္ဆာန်များ မွေးမြူခြင်းဆိုင်ရာနည်းလမ်းနှင့် ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းအကြောင်းကို မွေးမြူရေးတောင်သူများအား သင်တန်းများပို့ချခြင်းများဆောင်ရွက်ခဲ့ပြီး နတ်တလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ရက် (၁၀၀) စီမံချက်အနေဖြင့် မြို့နယ်အတွင်းရှိ မွေးမြူထားရှိသည့် ကျွဲ၊ နွားရောဂါကာကွယ်ဆေးများထိုးနှံခြင်း၊ မေထုန်မဲ့သားစပ်ခြင်းနှင့် မွေးမြူရေးအသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်သွားဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)