လှိုင်းဘွဲ မေ ၁၁
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှကြီးမှူး ဖွင့်လှစ်သည့် အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံက် ၈နာရီခွဲက လှိုင်းဘွဲမြို့နယ် ဒိုင်းပကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းမျိုးမြင့်နိုင် တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အရည်အသွေးပြည့်မီသော ပြည်တွင်း MSME ထုတ်ကုန်များပေါ်ပေါက်လာစေရေးအတွက်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန် ကြားရေးမှူး ဦးကျော်စိုးက အခြေခံစားသောက်ကုန်နှင့် အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးရသည့်ရည်ရွယ်ချက်များ၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပေးသော စာတွေ့၊လက်တွေ့နည်းပညာများကို အသုံးချပြီးမိမိတို့၏ လက်တွေ့နယ်ပယ်၌ ပိုမိုကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်ကြိုးစားမှုတို့ဖြင့်ပေါင်းစပ်ကာ ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်ပြီး မိသားစုဝင်ငွေတိုးတက်ရရှိအောင် ကြိုစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လှိုင်းဘွဲမြို့နယ် ကမော့ကချူးကျေးရွာအုပ်စု၊ ကော့ဝန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ဖွင့်လှစ်သည့် အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းမျိုးမြင့်နိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနှင့် အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို မေ ၁၁ ရက်မှ ၁၅ ရက်အထိ (၅)ရက်တာ သင်တန်းဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အခြေခံစားသောက် ကုန်ထုတ်လုပ်မှုသင်တန်းတွင် သင်တန်းသား၊သင်တန်းသူ(၃၀)တို့အား ဒေထွက်သီးနှံမျိုးစုံဖြင့် စားသောက်ကုန်မုန့်မျိုးစုံနှင့်သစ်သီးဖျော်ရည်ပြုလုပ်နည်းများကိုလည်းကောင်း၊ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းတွင် သင်တန်းသား၊သင်တန်းသူ(၃၀)တို့အား အိမ်သုံးဆပ်ပြာအရည်၊ ဆပ်ပြာအခဲပြုလုပ်နည်းအဆင့်ဆင့်တို့ကို စာတွေ့၊လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
လှိုင်းဘွဲ(ပြန်/ဆက်)