ဒိုက်ဦး မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က SCE ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို လေ့လာမှတ်သားနိုင်စေရန်ရည်ရွယ်၍ ပြသခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူများအသိပညာဗဟုသုတရရှိပြီး စာဖတ်သော အလေ့အကျင့်ကောင်းများ ရှင်သန်လာစေရန်အတွက် ရုံးချုပ်မှပေးပို့သော သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား / သူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စိုးထက်ကျော် (ပြန်/ဆက်)