သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့၌ မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကား

မြင်းခြံ အောက်တိုဘာ ၆

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့၌ မြင်းခြံမြို့ဆန္ဒတော်ပြည့်ဘုရားတွင် ဘုရားဖူးပြည်သူများ၊ ဆီမီးပူဇော်သူများဖြင့် စည်ကားကြောင်း သိရသည်။

ဆန္ဒတော်ပြည့်ဘုရားသည် မင်းကွန်းဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသ၏ ဆန္ဒတော်အရ တည်ထားတော်မူသောစေတီတစ်ဆူဖြစ်သည်။ ယနေ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်‌နေ့တွင် ဘုရားဖူးပြည်သူများအများအပြား လာရောက်ဖူးမြော်ကြပြီး ညအခါ၌ ဆီမီး(၁၀၀၀) ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)