ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၅ ခုနှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပ

ရန်ကင်း အောက်တိုဘာ ၆

ဆရာအတတ်ပညာရေးဦးစီးဌာန၊ ရန်ကုန်ဇုန် ၂ ကျင်းပရေးကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း ၁၃ သင်းမှ ပါဝင်ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲကို အောက်တိုဘာ ၆ ရက်မှ ၁၈ ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ပြိုင်ပွဲဖွင့်ပွဲနေ့တွင် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းနှင့် ဘိုကလေးပညာရေးဒီဂရီကောလိပ်အသင်းတို့ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အားကစားကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့ကြပြီး ကျန်ရက်များတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌ မွန်းလွဲ ၃ နာရီမှ စတင်၍ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

လှလှထွေး