ပုလော အောက်တိုဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့တွင် သီတင်းကျွတ်လမြတ်အခါသမယ၌ ဘုရား၊ ကျောင်းကန်၊ စေတီ၊ ပုထိုးများ၌ ဆွမ်းတော်ကြီးတင်ပွဲများဆောင်ရွက်ခြင်း၊ ဝတ်ရွတ်အဖွဲ့များမှ အဘိဓမ္မာဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ စေတနာရှင်မိသားစုတို့မှ စတုဒိသာများ ကျွေးမွေးခြင်းဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပုလောမြို့၌ ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် စေတနာရှင် မိသားစုအပေါင်းတို့မှ အရှေ့ကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း၊ မြို့ဦးဘုန်းတောာ်ကြီးကျောင်းတွင် အများပြည်သူ အပေါင်းတို့အား အာဟာရဒါနပြုကြခြင်း၊ စားသောက်ကုန်များလှူဒါန်းခြင်းဖြင့် ကုသိုလ်ကောင်းမှု များပြု၍ ပျော်ရွှင်စွာဆင်နွဲခဲ့ကြကြောင်းသိရသည်။
အေးအေးမော်