ကြို့ပင်ကောက်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၌ “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့”မြေစိုက်ပိုစတာများစိုက်ထူခြင်းနှင့် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကြို့ပင်ကောက် အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးအတွက် လှုံ့ဆော်ရေးမြေစိုက်ပိုစတာများစိုက်ထူခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြုလုပ်ခဲ့သည်။       

အဆိုပါ “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့”လှုံ့ဆော်ရေးမြေစိုက်ပိုစတာများကို ရန်ကုန်ပြည်ကားလမ်းမီးပွိုင့်နာရီစင်လမ်းစုံ၊ ပန်းတင်မီးပွိုင့်လမ်းစုံနှင့် နွယ်ခွေလမ်းမကြီး မြို့ရေပေးရေးစက်ရုံရှေ့တို့တွင် စိုက်ထူ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက ဖဲကြိုဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

“နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့” လှုံ့ဆော်ရေးမြေစိုက်ပိုစတာများကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးနှင့် မိမိတို့၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ရည်ရွယ်ပြီး စိုက်ထူရခြင်းဖြစ်ကြောင်း ပြည်သူများအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် နိုင်ငံသားတာဝန်ကျေပွန်စေရေးအတွက် ပူးပေါင်းပါဝင်မဲပေးသွားကြစေလိုကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ရီရီစိုးက ပြောသည်။

ဇေယျာထွန်း(ပြန်/ဆက်)