ကွမ်းခြံကုန်းမြို့နယ်၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် မဟာတိလောကမှန်ကူသွန်းဘုရာကြီး၌ ဆီမီးစုပေါင်းထွန်းညှိပူဇော်ပွဲ ကျင်းပ

ကွမ်းခြံကုန်း အောက်တိုဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မဟာတိလောကမှန်ကူသွန်းဘုရားကြီးအတွင်း၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)ဆီမီးစုပေါင်းထွန်းညှိပူဇော်ပွဲကို ယမန်နေ့ညနေ့ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် ဆီးမီးပူဇော်ခြင်း၊ မီးများအလှဆင်ထွန်းညှိထားကာ ဘုရားဖူးပြည်သူများ၊ ဆီမီးများထွန်းညှိပူဇော် ကုသိုလ်ဒါနပြုခဲ့ကြပြီး ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်စေရန် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများနှင့် ရပ်ကွက်များအတွင်းရှိ လမ်းသွယ်၊ လမ်းကြား၊ လမ်းမကြီးများတွင် အလှမီးများထွန်းညှိခြင်း၊ စတုဒိသာကျွေးမွေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)