လားရှိုး အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဝါလကင်းလွတ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ အမှတ် (၉) ရပ်ကွက် အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်အတွင်းတွင် တည်ထားကိုးကွယ်လျက်ရှိသော နှစ်ပေါင်း ၁၁၀ ရှိ ရှေ့ဟောင်းဆုတောင်းပြည့် ရန်အောင် လေးမျက်နှာစေတီတော်မြတ်ကြီး၏ (၂၈) ကြိမ်မြောက် ဆီမီးတစ်သောင်းတစ်ထောင်တစ်ရာ့ တစ်ဆယ် ပူဇော်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် အရှင်သူမြတ်ကြီး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အေးမင်းဦးနှင့် ပြည်နယ်အစိုးရ အုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းတို့က (၂၈) ကြိမ်မြောက် ဆီမီး တစ်သောင်းတစ်ထောင် တစ်ရာ့တစ်ဆယ် ပူဇော်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အရှေ့ခါးရိုးပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် အရှင်သူမြတ်ကြီးဖြစ်သော ဒေါက်တာ ဘဒ္ဒန္တသုဇာတ (Phd) သာသနဓမ္မာစရိယ၊ ဝိနီယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ သံယုတ္တနိကာယဝိဒူ၊ ဂန္တဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သံဃသမ္မုတိရ သံဃကိုယ်စားလှယ် ရှစ်ဘွဲ့တော်ရ မြို့နယ်သံဃနာယကအကျိုးတော်ဆောင် ဆရာတော် အရှင်သူမြတ်က “ဇေယျတုသဗ္ဗမင်္ဂလံ”အောင်ဂါထာတော်ကြီးအား ရွတ်ဆိုပူဇော်ခဲ့သည်။
ထို့နောက် အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်ကြီး၏ဦးစီးပဓာန နာယကဆရာတော် အရှင်သူမြတ်ကြီး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ဆုတောင်းပြည့် ရန်အောင် လေးမျက်နှာစေတီတော်မြတ်ကြီး၏ (၂၈) ကြိမ်မြောက် ဆီမီး တစ်သောင်းတစ်ထောင်တစ်ရာ့ တစ်ဆယ်အား ဆီမီးများထွန်းညှိပူဇော်ခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိတ္ထတု (၃) ကြိမ်ရွတ်ဆိုပူဇော်၍ ပူဇော်ပွဲအခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)