သံဖြူဇရပ် အောက်တိုဘာ ၇
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ၌ ခရီးသွားဧည့်သည်များ ဝင်ရောက်များပြားလျက်ရှိရာ ယနေ့တွင်စက်စဲအပန်းဖြေကမ်းခြေတစ်လျှောက် အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
စက်စဲကမ်းခြေ၌ သီတင်းကျွက်ကာလ ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်ရှည်ကာလများဖြစ်၍ အနယ်နယ်အရပ်ရပ်မှ အပန်းဖြေရေကစားသူများနှင့် ကျိုက္ခမီဆုတောင်းပြည့် ရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီးအား လာရောက်ဖူးမျှော်ပြီး အပြန်တွင်စက်စဲကျေးရွာရှိ စက်စဲကမ်းခြေသို့ လာရောက်၍၊ သဲသောင်ပြင်၌ မြင်းစီးခြင်း၊ စက်ဘီးစီးခြင်းနှင့် အပန်းဖြေ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့အပန်းဖြေရေကစားသူများမှ စိတ်အေးချမ်းမြေ့ပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် ပရဟိတလူငယ်များမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)