ပြည်ကြီးတံခွန် အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁လမ်းနှင့် ၆၂လမ်းကြား ၁၁၇ လမ်းရှိ (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ (ဃ)ရပ်ကွက်လုံးဆိုင်ရာ မီးထွန်းပွဲနှင့်နိဗ္ဗာန်ဈေး ပွဲတော်အား ယမန်နေ့ ညနေ (၄)နာရီအချိန်ကစ၍ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါမီးထွန်းပွဲနှင့် နိဗ္ဗာန်ဈေးပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်နှင့်ရာအိမ်မှူးများမှ ဦးဆောင်၍ အလှူရှင်(၁၅၀)ဦးတို့မှ မြန်မာ့အစားအစာ မုန့်မျိုးစုံအား ရပ်ကွက်နေ ပြည်သူ (၁၅၀၀၀) ဦးအား ပေးဝေလှူဒါန်းခဲ့ပြီး ဝါသနာရှင် ပြည်သူများမှ ပွဲတော်သို့လာရောက်ကြည့်ရှုသူများအား ခေတ်ပေါ်တေးသီချင်းများ၊ မြန်မာမှု တေးသီချင်းများဖြင့် အသီးသီဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။
ဇင်မင်းမောင်