ပုသိမ် အောက်တိုဘာ ၈
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော ဆန္ဒမဲ ပေးနိုင်စေရေးအတွက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစကာ(Billboard) စိုက်ထူခြင်းအခမ်းအနားကို အောက်တိုဘာ ၇ ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
ဦးစွာ ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက် ပိုစတာ(Billboard) အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခန့်မွန်ဆွေနှင့် ရောဝတီတိုင်းကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှမိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးဆိုင်ရာမြေစိုက်ပိုစတာ(Billboard)အား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ဆက်လက်ပက်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါမြေစိုက်ပိုစတာတွင် ၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့”ဟုဖော်ပြထားကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)