သာပေါင်းမြို့နယ်တွင် သီတင်းကျွတ်လပြည့်ကျော်(၁)နေ့ ည၌ ပန်း၊ ရေချမ်း၊ ဆီမီးထွန်းညှိကပ်လှူပူဇော်ခြင်းတို့ဖြင့် စည်ကား

သာပေါင်း အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်တွင် ယနေ့ သာသနာနှစ်-၂၅၆၉၊ မြန်မာသက္ကရာဇ် သက္ကရာဇ် ၁၃၈၇ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့၊ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ည၌ အမှတ်(၂) ရပ်ကွက် ငြိမ်းချမ်းပြည့်ဝအောင်သိဒ္ဓိစေတီတော်ကြီးတွင် ညနေအချိန်မှ စတင်၍ ဗုဒ္ဓဘာသာဝင်သူတော် ကောင်းအပေါင်းတို့က ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူထွန်းညှိ့ပူဇော်ကြသည်။

အမှတ်(၂)ရပ်ကွက် ငြိမ်းချမ်းပြည့်ဝအောင်သိဒ္ဓိစေတီတော်ကြီး၌ ဆီမီးများကပ်လှူထွန်းညှိပူဇော်ခြင်း၊နိဗ္ဗာန်ဈေးပွဲတော်တို့ဖြင် ဗုဒ္ဓဘာသာဝင် သူတော်ကောင်း ဘုရားဖူးပြည်သူအပေါင်းတို့ စိတ်နှလုံးအေးချမ်းသာယာစွာ စည်ကားလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး(သာပေါင်း ပြန်/ဆက်)