ကန့်ဘလူ အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏မဲစာရင်းများကို ရပ်ကွက်/ ကျေးရွာများ အလိုက် ပထမအကြိမ်ကပ်ထားကြေညာခြင်းကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
ထိုသို့ကပ်ထားကြေညာရာတွင် ကန့်ဘလူမြို့နယ် ရပ်ကွက်နှင့်ကျေးရွာများရှိ ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်မှ စတင်ကာ အောက်တိုဘာ ၁၃ ရက်အထိ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထား ကြေညာထားခြင်းဖြစ်သည်။
အဆိုပါမဲစာရင်းများ ကပ်ထားကြေညာထားခြင်းကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှုပြီး ပြန်လည်ပြင်ဆင်လိုသည့် အချက်အလက်များကို ရပ်ကွက်/ကျေးရွာရွေး ကောက်ပွဲကော်မရှင်တွင် ပုံစံများတောင်းခံ၍ ဖြည့်သွင်းဆောင်ရွက်နိုင်ကြောင်း သိရသည်။
မဲစာရင်းများကပ်ထားကြေညာရာ ရပ်ကွက်/ကျေးရွာရုံးများသို့ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက မိမိတို့တာဝန်ကျရာ ရပ်ကွက်/ ကျေးရွာများသို့ လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)