ငရုတ်ကောင်းမြို့၌ လူစည်ကားရာနေရာတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူ

ငရုတ်ကောင်း အောက်တိုဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြစို့” ဗီနိုင်းပိုစတာကို  ငရုတ်ကောင်းမြို့ပေါ် လမ်းဆုံ၌ အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၃ နာရီက စိုက်ထူခဲ့သည်။

အဆိုပါ ဗီနိုင်းပိုစတာစိုက်ထူရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်ထူးနိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ‌ရွေးကောက်ပွဲ “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြစို့” ဗီနိုင်းပိုစတာအား လူအသွားအလာများသည့် မြို့ဝင်လမ်းဆုံ၌စိုက်ထူခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)