သဲကုန်းမြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဝေဒနာရှင်ပြည်သူများအား ကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ

သဲကုန်း အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ရပ်ကွက်များနှင့် ကျေးရွာများအတွင်းရှိ သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါဝေဒနာရှင် ပြည်သူများအား မြို့နယ်မိခင်နှင့်ကလေးကျန်းမာ​ရေးဌာန၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှုများကို မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် စစ်ဆေးကုသပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုရောဂါအတွက် သွေးဖောက်စစ်ဆေးပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ သဲကုန်းမြို့နယ်အတွင်းရှိ မကူးစက်တတ်သောရောဂါများဖြစ်သည့် သွေးတိုး၊ နှလုံး၊ ဆီးချိုဝေဒနာရှင် ပြည်သူများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနခွဲများတွင် သွားရောက်၍ စမ်းသပ်စစ်ဆေး ဆေးကုသမှုခံယူခြင်းတို့ကို အခမဲ့ဆောင်ရွက်နိုင်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုကျော် (ပြန်/ဆက်)