Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရေတာရှည်မြို့နယ်အတွင်း ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများ၌ ပဲခူး Medical Team အဖွဲ(၄)ဖွဲ့မှ စုပေါင်းကွင်းဆင်းဆောင်ရွက်
Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေ၊ မြစ်ရေများလျှံတက်၍ လူနေအိမ်မျာအတွင်း ရေဝင်ရောက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများကို ဘုန်းတော်ကြီးကျောင်းအသီးသီးတွင် ဖွင့်လှစ်ထားကြောင်း သိရသည်
အပြည့်အစုံ ဖတ်ရန်
ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များ ဖြန့်ဝေပေး
Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုအဖွဲ့ရုံးမှကြီးကြပ်၍ ဒေသအသီးသီးမှ ပရဟိတအသင်းအဖွဲ့များ၊ ပြည်သူများက လာရောက်လှူဒါန်းသည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ အဝတ်အစား၊ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်ဗူးများကို ယမန်နေ့နံနက်ပိုင်းက ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ဖြန့်ဝေပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 19,2024
၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော်ကို စက်တင်ဘာ ၁၄ ရက်မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့တွင်ကျင်းပလျက်ရှိရာ အဆိုပါပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီက ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ အားကစားဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
"ထက်အောင်"ဆောက်လုပ်ရေးကုမ္ပဏီမှ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာ ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ၊ ဆန်၊…
Sep 19,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံငွေ၊ ဆန်၊ ဆီ၊ ရေသန့်၊ ဆပ်ပြာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် မုန့်မျိုးစုံများကို "ထက်အောင်" ဆောက်လုပ်ရေးကုမ္ပဏီမှ ယနေ့နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ် အ.ထ.က လက်ပံကွင်း၌ လူငယ်စကားဝိုင်းကျင်းပ
Sep 19,2024
ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ပြည့်စုံပြီး လူရည်ချွန် မောင်မယ်များဖြစ်လာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်က အ.ထ.က လက်ပံကွင်း ကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်
Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ လစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အ.ထ.က ညောင်ဝိုင်းနှင့် အ.မ.က ခွေးသေကုန်းကျောင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ် နဝင်းချောင်း ရေကြီးပြီး တင်ကျန်ခဲ့သော ရွှံ့နွံ၊ သစ်တုံးများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားပေး
Sep 19,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နဝင်းချောင်းရေများလျှံတက်ကာ ရပ်ကွက်ကျေးရွာအချို့နှင့် ဆေးရုံ၊ အခြေခံပညာကျောင်းများ၊ သာသနိကအဆောက်အဦရေများ ဝင်ရောက်ခဲ့ပြီး ယခုအခါရေများ ပြန်လည်ကျဆင်းသွားသည့်အတွက် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဝန်ထမ်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Sep 19,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2685
Page
2686
Page
2687
Page
2688
Current page
2689
Page
2690
Page
2691
Page
2692
Page
2693
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department