ကျောက်တန်း အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့များအနေဖြင့် မဲစာရင်းကပ်ထားကြေညာထားမှုများအား ကွင်းဆင်းဆောင်ရွက်ရာတွင် အခက်အခဲများ၊ မဲစာရင်းလာကြည့်သည့်ပြည်သူများ မိမိအမည်အလွယ်တကူရှာဖွေတွေ့ရှိနိုင်ရေး ဆောင်ရွက်ပေးရန်၊ ယာယီနေရပ်စွန့်ခွာသူများ မဲပေးနိုင်ရေးဆောင်ရွက်ပေးရန်၊ မဲရုံသင်တန်းတက်ထားသည့်နည်းပြများက ဆင့်ပွားသင်တန်းများပြန်လည်ပို့ချပေးရန် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံမဟုတ်သည့် ပြည်သူများနေထိုင်ရာအရပ်တွင် မဲပေးနိုင်ရေး စီမံဆောင်ရွက်ပေးရန် စသည်ဖြင့်ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထွန်းဝေက မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် ဌာနဆိုင်ရာများ မိမိရောက် ရှိရာမြို့နယ်တွင် မဲစာရင်းပါရှိနိုင်ရေး၊ သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပတွင် ရောက်ရှိနေသော ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းပြုစုပေးပို့ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထွန်းဝေနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူး၊ ဒေါ်အေးအေးချို၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများ တက်ရောက်ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပထမအကြိမ် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံးများတွင်ကပ်ထားသော မဲစာရင်းကြေညာခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် လည်းကောင်း၊ ကန့်ကွက်လိုလျှင်ပုံစံ (၄)ဖြင့်လည်းကောင်း၊ အချက်အလက်များ မှားယွင်းနေလျှင် ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း၊ လျှောက် ထားနိုင်ကြောင်းနှင့်လိုအပ်သည်များကိုလည်း တာဝန်ရှိအကြီးကဲများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)