အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာ (၁၁) ရက်မှစတင်၍ နမ့်လတ်ချောင်းအနီးဝန်းကျင်နှင့် အနိမ့်ပိုင်းရှိ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များ ရေနစ်မြုပ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ယခုအခါ ရေများပြန်လည်ကျဆင်းပြီဖြစ်၍ အဆိုပါနေရာများတွင် သန့်ရှင်းရေးလုပ်ငန်းများကို စက်တင်ဘာလ (၁၈) ရက်နေ့ နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 20,2024
တနင်္သာရီတိုင်းဒေသကြီး၊‌‌ ကော့‌သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ယမန်နေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်နှင့် အဏ္ဏဝါရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။
Sep 20,2024
အရှေ့ဘက်မှလာသည့် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် နေရာကွက်ကျားမိုးကြီးနိုင်၍ ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ် ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်မှုများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြိုပေါ်ရပ်ကွက်များနှင့်‌ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 20,2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းနေရွယ် ကလေးငယ်များကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ကျန်းမာရေးအသိပညာပေးလုပ်ငန်းကိုဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း (ခလွန်) ၌ သွားနှင့် ခံတွင်း‌ရောဂါစစ်ဆေး၍ ကုသပေးခဲ့သည်။
Sep 20,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းများအတွင်း ရေဝင်ရောက်ခဲ့မှုကြောင့် ကျောင်းသား/ သူများ ပညာသင်ယူရာတွင် နှောင့်နှေးမှုမရှိစေရန် ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်၍ မောင်းမဆည်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 20,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပင်လောင်းကြီးကျေးရွာ၌ ဖောင်တော်ဦးဘုရားပွဲတော်အား နှစ်စဉ် တော်သလင်းလပြည့်ကျော် (၁)ရက်နေ့တွင် အစဉ်လာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
Sep 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဆီဆိုင်မြို့ အခြေခံပညာ အလယ်တန်းကျောင်း၌ ပြုလုပ်သည်။
Sep 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ခရမ်းမြို့ အ.ထ.က ၁ အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။