Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ် မိုးမြေပဲ ၁၇၇၂ ဧက ရိတ်သိမ်းပြီး ၁၂၇၀၈၈ တင်းထွက်ရှိ
Oct 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မိုးသီးနှံတစ်မျိုးဖြစ်သော မိုးမြေပဲကို ၁၅၃၄၃ ဧက စိုက်ပျိုးခဲ့ရာ ၁၇၇၂ ဧက ရိတ်သိမ်းပြီးဖြစ်၍ ၁၂၇၀၈၈ တင်း ထွက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်း ၃၂၃၃ ဧက စိုက်ပျိုးမည်
Oct 11,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်းသီးနှံ ၃၂၃၃ ဧက လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့တွင် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Oct 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသတစ်ခွင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Oct 11,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသတစ်ခွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံ သန်လျင်ခရိုင် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် အခြေခံပညာအဆင့်ပန်းချီပြိုင်ပွဲတွင် ခရိုင်အဆင့်ဆုရွေးချယ်ခြင်…
Oct 11,2025
ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံ သန်လျင်ခရိုင် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပန်းချီပြိုင်ပွဲတွင် ခရိုင်အဆင့်ဆုရွေးချယ်ခြင်းကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်း ယုဇနဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဥ် (၁၀)နှင့် မွန်ရိုးရာလက်ရက်ကန်း သင်တန်းအမှတ်စဥ် (၂၆) သင်တန်းဆင်းပွဲကျင်းပ
Oct 11,2025
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံ)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဥ် (၁၀)နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းအမှတ်စဥ်(၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီက သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဋ္ဌေးမြင့်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ဆီဆိုင်မြို့နယ် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲ တက်ရောက်…
Oct 11,2025
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ဆိုက်ခေါင်)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင် စံပြကျေးရွာရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းများအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Oct 11,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁o ရက်နေ့ နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2687
Page
2688
Page
2689
Page
2690
Current page
2691
Page
2692
Page
2693
Page
2694
Page
2695
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department