ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ်ဘာသာရပ် မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ်  အောက်တိုဘာ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပုသိမ်တက္ကသိုလ်မှာရှိသော ဘာသာရပ်ဌာန၁၆ခုမှ သင်ကြားပို့ချနေသည့် အထူးပြု ဘာသာရပ် ၂၀ အား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အကျဉ်းချုပ်ဆွေးနွေးပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ဝါသနာနှင့်ကိုက်ညီသည့် ဘာသာရပ်များကို ရွေးချယ်သင်ယူနိုင်ကြမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရောက်နိုင်ရေးအပေါ်မူတည်၍ စဉ်ဆက်မပြတ် အတန်းစဉ် ကူးပြောင်းရှိစေရေးကိုလည်း ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တက္ကသိုလ်မှ ဘာသာရပ်တစ်ခုခုဖြင့် ဘွဲ့ရရှိသည့်အခါ အလုပ်အကိုင်ရရှိရန်အတွက် ရွေးချယ်ပိုင်ခွင့် အခွင့်အလမ်းများလည်း ပိုမိုများပြားလာမည်ဖြစ်ပါကြောင်း၊ Global Earth Agro & Aqua Industry Co., Ltd သည် စက်ရုံပထမအဆင့်တည်ဆောက်ပြီးစီးတော့မည်ဖြစ်ရာ လုပ်ငန်းလည်ပတ်ရာတွင် လိုအပ်သည့် ဝန်ထမ်းဦးရေအား တိုင်းဒေသကြီးအတွင်း၌ရှိသည့် တက္ကသိုလ်ကောလိပ်သိပ္ပံများမှ ဘွဲ့ရရှိသူများအပြင် စက်မှုစိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း အောင်မြင်သူများကိုလည်း အလုပ်ခန့် ထားပေးသွားမည်ဖြစ်ပါကြောင်းနှင့် တက္ကသိုလ်မှ ဘာသာရပ်အသီးသီးကို လေ့လာဆည်းပူးပြီးဘွဲ့ရ လူငယ်မောင်မယ်များအနေဖြင့် အိုးမကွာအိမ်မကွာ အလုပ်အကိုင်များရရှိတော့မည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားပြီး တက္ကသိုလ်ဆရာ၊ ဆရာမများမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်များအလိုက် သင်ကြားပို့ချမှုအခြေအနေများနှင့် အကျိုးကျေးဇူးများအကြောင်း အကျဉ်းချုပ်ဆွေးနွေးပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)