Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်၌ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအားကြည့်ရှုအားပေး
Oct 11,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် ကပ်ထားကြေညာပေးထားရာ အောက်တိုဘာ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့၊ ရန်အောင် (၂)ရပ်ကွက်၌ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအားကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းများမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝ…
Oct 11,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းများမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှေ့၌ ရွေးကောက်ပွဲ နှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 11,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard) ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံ မြို့နယ်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြည်ရှေ့တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုပြီး ရင်ပြင်တော်တိုးချဲ့ ဆောင်ရွက်မှုအခြေအနေများအာ…
Oct 11,2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အောက်တိုဘာ ၉ ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီ တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ရင်ပြင်တော်တိုးချဲ့ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား ၁၃၇ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲပြုလုပ်
Oct 11,2025
မန္တလေးရတနာပုံမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်း မင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သော မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား၏ ၁၃၇ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲအခမ်းအနားကို အောင်မြေသာစံမြို့နယ်ရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား အာရုံခံ တန်ဆောင်ကြီးအတွင်း အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းကကျင်းပရာ မန္တလေးမြို့ လေးပြင်လေးရပ်မှ ပင့်သံဃာတော်အပါး (၂၅၆၉)ပါး၊ သီလရှင်(၂၅၆၉) ပါးတို့အား လောင်းလှူကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု၊ သမိုင်းဝင် ကျိုက်ဆေကလောင်၊ ကျိုက်ရွံဟွတ်၊ ကျိုက်မာလှိုင် စေတီတော်မြတ်ကြီးတို့အား စိန်ဖူးတော်၊ ငှ…
Oct 11,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု၊ ရှေးဟောင်း (၁၆) ဌာန သမိုင်းဝင် ကျိုက်ဆေကလောင်၊ ကျိုက်ရွံဟွတ်၊ ကျိုက်မာလှိုင် စေတီတော်မြတ်ကြီးတို့အား စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲမင်္ဂလာအခမ်းအနားကို အောက်တိုဘာ ၈ ရက်နံနက်ပိုင်းက ပေါင်မြို့နယ်၊ မုတ္တမကျေးရွာရွာအုပ်စု ကျိုက်ဆေကလောင် စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြကာ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသည့် မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပ…
Oct 11,2025
ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်၌ အလွတ်တန်းဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
Oct 11,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော အလွတ်တန်း ဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲ အောက်တိုဘာ (၁)ရက်နေ့က မြို့နယ်မီတာ (၄၀၀)အားကစားကွင်း၌ စတင်ကျင်းပလျက်ရှိရာ အောက်တိုဘာ(၉)ရက်နေ့ ညနေပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2689
Page
2690
Page
2691
Page
2692
Current page
2693
Page
2694
Page
2695
Page
2696
Page
2697
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department