လက်ပံတန်း၌ မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့ သရုပ်ပြမဲပေးခြင်းအသိပညာပေး ဆောင်ရွက်

လက်ပံတန်း   အောက်တိုဘာ   ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက် တွေ့စမ်းသပ်မဲပေးခြင်းကို အောက်တိုဘာ   ၁၁  ရက်နေ့ နံနက်  ၉ နာရီက မအူကုန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအေးကိုနှင့်အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးပုံအဆင့်ဆင့်လက်တွေ့ သရုပ်ပြရှင်းလင်းပြသခဲ့သည်။

အဆိုပါ  လက်တွေ့ သရုပ်ပြခြင်းကို စက်တင်ဘာ ၁၀ ရက်မှစ၍ ကျေးရွာအုပ်စုအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မအူကုန်ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ  ၁၀၅ ဦးက လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)