လွိုင်ကော် အောက်တိုဘာ ၁၁
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့တော်အား Green City၊ Clean City၊ Smart City ဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သန့်ရှင်းသာယာရေးဆောင်ရွက်မှုတို့ကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆေးကုသရန် လာရောက်သည့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝပေးရန် ၊ ကျန်းမားရေး ပစ္စည်းကိရိယာများ အမြဲအသင့်ဖြစ်စေရေးနှင့် ပျက်စီးမှုဖြစ်ပေါ်ပါက သက်ဆိုင်ရာသို့ချက်ချင်းတင်ပြရန်၊ ဆေးရုံပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး အစဉ်တစိုက်ဆောင်ရွက်ရန်နှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)