Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
Oct 12,2025
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် (၂၆) မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 12,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတစ်ဝန်း မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လူထုအသိပညာပေး ဆိုင်းဘုတ်များစိုက်ထူ
Oct 11,2025
နိုင်ငံတစ်ဝန်းရှိ တိုင်ဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူစည်ကားရာနေရာများတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့”ဟူသောဆောင်ပုဒ်ပါ လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူသည့် အခမ်းအနားများကို အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက် တို့တွင် ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလ ဘုရားပရဝဏ်အတွင်း အဆောက်အအုံများနှင့် ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေး…
Oct 11,2025
မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား အောက်တိုဘာ(၁)ရက်မှ (၂၀)ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဘုရားပွဲတော်ကျင်းပနေစဉ် ကာလအတွင်း မီးလောင်မှု/မီးလန့်မှုများမဖြစ်ပွားစေရေး အတွက်ဘုရား ပရဝဏ်အတွင်း အဆောက်အအုံများနှင့် ဈေးဆိုင်းခန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးများ ပေးအပ်လှုဒါန်းခြင်းကို အောက်တိုဘာ (၈) ရက်နေ့ မွန်းလွဲပိုင်း ၄ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်၊ ပထမအကြိမ် ဝူရှူး(ထောက်လု)ဖိတ်ခေါ်ပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ
Oct 11,2025
တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ဝူရှူးပြိုင်ပွဲကျင်းပပြုလုပ်နိုင်ခြင်းမရှိသည့်အချိန်တွင် အားကစားသမားများအတွေ့အကြုံကောင်းများရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပထမအကြိမ်ဝူရှူး(ထောက်လု)ဖိတ်ခေါ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတ ရေးရာ ဝန်ကြီးဦးစိုင်းလိတ်၊ ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူး(ထောက်လု)အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စကုမြို့၌ World Sight Day အထိမ်းအမှတ်အဖြစ် အခမဲ့ ဆေးကုသပေးခြင်းများ ဆောင်ရွက်
Oct 11,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက World Sight Day အထိမ်းအမှတ်အဖြစ် အခမဲ့ ဆေးကုသပေးခြင်းများကို ယနေ့နံနက်ပိုင်းက စကုမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုစင်တာ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံများနှင့် တွေ့ဆုံ
Oct 11,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြိတ်ကက်သလစ်သာသနာနှင့်တိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော ဒေသခံတိုင်းရင်းသားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအစီအစဉ်အတွက် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် တွေ့ဆုံပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့နံနက် ၉ နာရီအချိန်က ရေမြစ်ကြီးကျေးရွာအုပ်စု၊ ဝါးချောင်းကျေးရွာ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အထူးပြုဘာသာရပ်များ မိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်
Oct 11,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်၏ Grade-12 ကျောင်းသား၊ ကျောင်းသူများအတွက် အထူးပြု ဘာသာရပ်များ မိတ်ဆက်ခြင်းအခမ်းအနားကို အောက်တိုဘာ ၁၀ ရက်နေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဦးစွာ ထားဝယ်တက္ကသိုလ်မှ ဆရာ/မများက မြကျွန်းညိုညို သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2682
Page
2683
Page
2684
Page
2685
Current page
2686
Page
2687
Page
2688
Page
2689
Page
2690
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department