Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေပြည်သာမြို့နယ်တွင် " ဆေးလိပ်အန္တရာယ် " စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jun 17,2021
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ဆေးလိပ်သောက်သုံးခြင်း၏ ဆိုးကျိုးများ၊ ဆေးလိပ်၏ သမိုင်းနှင့် ဆေးရွက်ကြီး စတင်တွေ့ရှိပုံတို့ကို သိရှိစေရန် ရည်ရွယ်၍ Youth Club, Woman Club အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးလိပ်ကင်းဝေးရေး စီမံချက်မှ ရေးသားထုတ်ဝေသော"ဆေးလိပ်အန္တရယ်" စာအုပ် ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက် ရှိသည့် လူမှုရေးပင်စင်ထောက်ပံ့ ငွေများကို ယမန်နေ့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီး ဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာခရိုင်ကော်လိတ္တော်အရာရှိ မလှိုင်မြို့နယ်အတွင်း အခမဲ့မြေလွှဲလျှောက်ထားမှု ကွင်းဆင်းစစ်ဆေး
Jun 17,2021
မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) ဦးဇော်ဇော်ဦးသည် မလှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ( လက်ထောက် ကော်လိတ္တော်အရာရှိ )ဦးစိုးမင်းထက်၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးထွေးနှင့် သက်ဆိုင်ရာဌာန တာ၀န်ရှိသူများ လိုက်ပါလျှက် မလှိုင်မြို့နယ်အတွင်း အခမဲ့မြေလွှဲလျှောက်ထားမည့် မြေနေရာအား မြေယာလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်နိုင်ရေးအတွက် ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာဖက်ဝိုင်း ဆောင်ရွက်
Jun 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့ နံနက်(၁၀) နာရီအချိန်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏ ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း စာအုပ်အား စာဖက်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jun 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေး စေရန်အတွက် ယနေ့ နံနက်(၉)နာရီအချိန်က မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးမှူး ဦးခင်အောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ပြီး မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားမှုရှိ/မရှိ တို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်တွင် ပညာရေး၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jun 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ပညာရေး၀န်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည့်သူဆေးရုံကြီးတွင် ထိုးနှံပေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့၏ အကောင် အထည်ဖော် ဆောင်ရွက်ထားသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ် လူထုအခြေပြု ဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများ ရရှိစေရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရေး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် (၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26591
Page
26592
Page
26593
Page
26594
Current page
26595
Page
26596
Page
26597
Page
26598
Page
26599
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department