အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ရထားစီးခရီးသည် မိဘပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် ရထားများပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။
Jun 17,2021
မွန်ပြည်နယ်  မုဒုံမြို့နယ်တွင်    အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန  ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်းတွင်   သဘာဝချည်ဆိုးဆေးသင်တန်ဖွင့်ပွဲကို ယနေ့နံနက်၁၀ နာရီက ပြုလုပ် ကြောင်း သိရသည်။
Jun 17,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့အဝင် တာဂွ (လမ်းဆုံ)၌ ယနေ့နံနက်ပိုင်းက စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးတုန့်ပြန်‌    ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ ထားရှိကု သပေးသွားမည့် နေရာများနှင့် Quarantine Centre ဖွင့်လှစ်ထားသည့် နေရာများအား သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့ မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 17,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Jun 17,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးနှင့် ပူးပေါင်း၍ ပန်းခင်း စီမံချက် အကြောင်းအသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၃ နာရီ၌ ကျင်းပခဲ့သည်။
Jun 17,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများမှ သဲတန်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းသို့သွားရောက်ပြီး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောခြင်း ကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
Jun 17,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်အဖွဲ့များက ဝက်ဒုံကျေးရွာ တောင်သူဦးနိုင်လယ်ယာမြေတွင် RS - CS မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးရန် ဘောင်ပျိုးစနစ်ဖြင့် မျိုးစေ့ချ ပျိုးထောင်ခြင်း လုပ်ငန်း ဆောင်ရွက်ပေးခဲ့သည်။