အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်၏ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပေးအပ်ခဲ့သည်။
Jun 17,2021
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ ဖြစ်ပေါ်လျက်ရှိရာ ကသာမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကသာမြို့အဝင် လမ်းမတော်လမ်းမကြီးဘေးတွင် ဇွန်လ (၁၄) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျန်းမာရေး စစ်ဆေးဂိတ်ကို ပြန်လည်ဖွင့်လှစ် ထားရှိပြီး ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ‌သည်။
Jun 17,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးပစ္စည်းဖြစ်သည့် နှာခေါင်းစည်း Mask များအား အလှူရှင်များက ယနေ့နံနက် ၁၀ နာရီ အချိန်၌ အဆိုပါကျောင်းသို့ လာရောက်လှူဒါန်း ပေးခဲ့ကြသည်။
Jun 17,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ
Jun 17,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နေအိမ်ပြင်ပ ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့အထဖြစ်စေရန် ရည်ရွယ်ပြီး ယနေ့နံနက် ၇ နာရီက ကံမမြို့၊ မြို့မဈေးနှင့် မြို့လယ်လူစည်ကားရာလမ်းဆုံတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 17,2021
တနင်္သာရီတိုင်း‌ဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိ ပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအ ထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးနိုင်စေရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဖြုးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား ၂၀၂၁ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးနေလျက်ရှိရာ ဇွန်လ(၁၇)ရက်နေ့ထိ တောင်သူပေါင်း (၂၂၂) ဦး၏ လယ်မြေဧက(၁၃၉၇)ဧက အတွက် ငွေကျပ်ပေါင်း (၂၀၉၅ ဒသမ ၅)သိန်း ထုတ်ချေးပေးခဲ့ပြီ ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးသက်လွင်ထံမှ သိရသည်။