အမြို့မြို့အနယ်နယ်သတင်းများ

Jun 28,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ(ငွေလုံးငွေရင်း) နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဘားအံမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သည့်လုပ်ငန်းများမှ ကြို့ပင်ဆိပ်-ဖလန်တောင်-နို့အောလာ-မင်းစော-တဂေးလောင်း-ပျဉ်းမပင်ဆိပ် (၃၂/၁)မိုင်အနက် (၃/၄)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေကျပ်(၅၆၉ဒသမ၅၁၈)သန်းဖြင့် လုပ်ငန်း ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် မေလ ၂၉ ရက်နေ့က လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်သည်။
Jun 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် အမှတ်(၁၃) ရပ်ကွက်၊ အောင်မြေလူထုဓမ္မာရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများအား စနစ်တကျ ထားရှိနိုင်ရန် Quarantine Centre ပြင်ဆင်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Jun 28,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တေဇခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 28,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီခန့်က ကိုဗစ်-၁၉ သံသယရှိသူများအား သထုံခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Fever Clinicနှင့် မော်လမြိုင် Fever Clinic တို့၌ Covid-19 Rapid Test Kit ဖြင့် စစ်ဆေးရာ ရောဂါပိုးတွေ့ရှိသူ ၁၃ ဦး ထပ်မံတွေ့ရှိခဲ့ရကြောင်းသိရသည်။
Jun 28,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထွေထွေအုပ်ချုပ်ရေးရုံး မနောရွေပြည်ခန်းမ၌ နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ် (မှတ်ပုံတင်)ရရှိရေး အတွက် ပန်းခင်း စီမံချက် လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Jun 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်သစ်တောဦးစီးဌာနက ကျင်းပ ပြုလုပ်သည့်    ၂၀၂၁ ခုနှစ်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီခန့်က  လုံပုရပ်ကွက်၊ နမ့်ကုံးကန်၌ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ် ညွှန်ကြားမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေး ဗီနိုင်းဆိုင်းဘုတ် များကို ယမန်နေ့ နံနက်ပိုင်းက မင်းလှလူမှုကယ်ဆယ်ရေးအသင်းမှ လိုက်လံစိုက်ထူပေးခဲ့သည်။
Jun 28,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီ က ဟိုခိုရပ်ကွက် တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။