မော်လမြိုင်မြို့၌ တောင်သူများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး ပေးလျက်ရှိ

မော်လမြိုင် ဇွန် ၂၁

မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ   ၂၀၂၁ ခုနှစ်အတွက် တောင်သူများ အား မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေများကို ဇွန်(၃)ရက်မှစတင်ကာ သြဂုတ်လကုန်ထိ ထုတ်ချေးပေး မည်ဖြစ်ပြီး ယနေ့နံနက်၁၀နာရီက ကော့နှတ်ကျေးရွာ တောင်သူ(၆၀)ဦးတို့အား ဆက်လက်ထုတ်ချေးပေး လျက်ကြောင်း သိရသည်။

ထုတ်ချေးပေးရာတွင် မော်လမြိုင်မြို့နယ်အတွင်း ကျေးရွာအုပ်စု (၂၃) အုပ်စုရှိကျေးရွာ (၂၃) ရွာတို့မှ တောင်သူတစ်ဦးလျှင် တစ်ဧက (၁၅၀၀၀ဝိ) နှုန်းဖြင့် အများဆုံးဧက (၁၀) ဧကထိ ထုတ်ချေး ပေးမည် ဖြစ်ပြီး  စိုက်ပျိုးစရိတ်ချေးငွေစုစုပေါင်းငွေကျပ် (၁၀၄၂၅) သိန်းမှ ယနေ့ထိကျေးရွာအုပ်စု (၃)အုပ်စုအား ငွေကျပ် (၄၅၆) သိန်းထုတ်ချေးပေးခဲ့ပြီးဖြစ်ရာ  ကျန်ရှိသည့်  ကျေးရွာများကိုလည်း ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို  ချေးယူထားသည့် တောင်သူများအနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ငွေတစ်ရာတစ်နှစ် အတိုးနှုန်း(၅)ရာခိုင်နှုန်းဖြင့် ပြန်လည်ပေးသွင်းရမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်ချိုချိုခင်ထံမှ သိရသည်။

မော်လမြိုင်ခရိုင်(ပြန်/ဆက်)