ဟုမ္မလင်း ဇွန် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကွန်းတောင်းကျေးရွာအုပ်စု၊ ဟဲခမ်း (ရွာ ဟောင်း)ကျေးရွာရှိ မူလွန် - ဟဲခမ်း ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာမ နှစ်ဦး ထံမှ အနံ့မရကြောင်းသိရသဖြင့် ယခုနှစ် ဇွန်လ (၁၉) ရက်နေ့ နံနက်(၁၁)နာရီက RTD Test Kit ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး၊ ဟုမ္မလင်း ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ကုသပေး လျက်ရှိကြောင်းသိရသည်။
အလားတူ ဇွန်လ (၂၀)ရက်နေ့တွင် ကျောင်းဆရာမ နှစ်ဦးတို့နှင့် ထိတွေ့ ဆက်စပ်ခဲ့သော (၂၀)ဦးအား (RDT Tes Kit) ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ (၆)ဦးမှာ ကိုဗစ် -၁၉ ရောဂါပိုး (postive) တွေ့ရှိရသဖြင့် သီးသန့်ကုသဆောင်အဖြစ် ပြင်ဆင်ထားသည့် ဟုမ္မလင်း (ဆည်မြောင်းရုံး) သီးသန့်ဆောင်တွင် ကုသပေးသွားမည်ဖြစ်ပြီး၊ ရောဂါပိုး မတွေ့ရှိသူများအား ၎င်းတို့၏ နေအိမ်များ၌ (HQ) အသွားအလာ ကန့်သတ်ထားရှိကြောင်းသိရသည်။
လင်းလင်း