အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ် Talk Show ဆောင်ရွက်

ဒေါပုံ ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး ၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို Talk Show ဆောင်ရွက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ ပေါက်ပေါက်(စာရေးဆရာ)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒေါပုံမြို့နယ်ရုံးမှ ဒေါ်ခင်မာဝေတို့မှ ဆောင်ရွက်ခဲ့ပြီး  ဆွေးနွေးပွဲတွင် ပေါက်ပေါက် (စာရေးဆရာမ)က မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါးစတင်ရောက်ရှိလာပုံ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးကိုရှောင်ရှားရမည့် နည်းလမ်းများ၊ မူးယစ်သားကောင် ဘဝကို လူငယ်များ မရောက်ရအောင် ကြိုတင်ကာကွယ်ရမည့် အချက်များ စသည့်အကြောင်းအရာများ ကို အသေးစိတ် ဆွေးနွေးပြောကြား ပေးခဲ့ကြောင်း သိရှိရသည်။