ကန်ကြီးထောင့် ဇွန် ၂၁
ဧရာ၀တီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သော နှာခေါင်းစည်း mask များနှင့် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်၇နာရီအချိန်မှစတင်၍ ကန်ကြီးထောင့်မြို့ မာလာကုန်း လမ်းဆုံနှင့်ဒါးကလမ်းဆုံတို့၌ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်မှုကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ကြက်ခြေနီနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ မှ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ယမန်နေ့လက်ကမ်းစာစောင် ၅၀၀ နှင့်mask ၁၀၀၀ ခု ဝေခဲ့ကြောင်း သိရသည်။
ဒေါ်ဇင်မာ(ကန်ကြီးထောင့်ပြန်/ဆက်)