ရွာငံမြို့နယ်၌ ၂၀၂၁ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရွာငံ   ဇွန်   ၂၁

၂၀၂၁ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြို့ကုန်းရပ်ကွက် ဘောလုံးကွင်းအနီး၌ ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ အမှာစကားပြောကြားရာတွင် နိုင်ငံအဝှမ်းစိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်တိုးတက်ကောင်းမွန်လာစေရေးကို အထောက်အကူပြုစေပြီး သဘာဝတော များမှသယံဇာတထုတ်ယူသုံးစွဲမှုလျှော့ချနိုင်ရေး၊ ကျေးလက်ပြည်သူများ၏ အခြေခံစားဝတ်နေ ရေးလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက်သစ်တောဦးစီးဌာန၊ဦးစီးမှူး ဦးဇော်မိုးမြင့်က သစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သစ်ပင်များ စိုက်ပျိုး ရန်အတွက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းနှင့် အဖွဲ့ဝင်များက ပျိုးပင်များကို ပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများကလက်ခံရယူပြီး ပျိုးပင်များကို ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများတို့က တပျော် တပါးစိုက်ပျိုးခဲ့ကြသည်။

 ယနေ့စိုက်ပျိုးသည့် ပျိုးပင်များမှာ ခါတော်မှီ၊ ပိတောက်၊  ယူကလစ် များဖြစ်ကြောင်း သိရသည်။

ရွာငံ(ပြန်/ဆက်)