သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်

သံဖြူဇရပ် ဇွန် ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှုကို ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့အထဖြစ်စေရေး ရည်ရွယ်ပြီး ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာသံဖြူဇရပ် မြို့နယ်အတွင်းအမှတ် (၁) စျေးနှင့် စျေးအရှေ့ လူစည်ကားရာ နေရာတွင် (Mask Campaign) ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် အကြောင်းအမျိုးမျိုးဖြင့် မြို့တွင်းမြို့ပြင်သွားလာနေသူများ၊ အမှတ်(၁)စျေး အတွင်း စျေးစျေးရောင်းစျေးဝယ်များနှင့် ခရီးသွားပြည်သူများမှ Mask တပ်ဆင်ထားခြင်း မရှိသူများ အာ Mask အခမဲ့ဖြန့်ဝေပေးပြီး အပြင်ထွက်တိုင်း စနစ်တစ်ကျ တပ်ဆင်စေရေး ပြောဆို ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိမ်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင ့်ကော်မတီဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာအဖွဲ့၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အေးအေးသီ