နမ့်စန်(တ) ဇွန် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး က မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ ပြန်လည်ဖွဲ့စည်းရေး၊ မြန်မာနိုင်ငံအတွင်း လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေနှင့် မြို့နယ်တွင်း မြို့ဝင်ကျန်းမာရေးစစ်ဆေးသည့် ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများလိုက်နာရန်အချက်များ နှိုးဆော်အသိပေးရန်၊ လူစည်ကားသည့်နေရာနှင့် စာသင်ကျောင်းများတွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့ဝင်/ထွက် ကျန်းမာရေး စစ်ဆေးသည့်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး၊ မြို့နယ်အတွင်း ပြည်ပမှ ပြန်လာသူများနှင့် Stay at Home ကြေငြာထားသည့် မြို့များမှ ဝင်ရောက်လာသူများတွေ့ရှိပါက သတင်းပေးပို့ရေး၊ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရေး၊ မြို့မဈေးနှင့် လူဝင်လူထွက်များပြားသည့် နေရာများတွင် Maskများ တပ်ဆင်သွားလာရေးကို စစ်ဆေးဆောင်ရွက်ရေး၊ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားသည့်နေရာများနှင့် ပတ်သက်၍ လိုအပ်သည်များ စနစ်တကျပူးပေါင်းဆောင်ရွက်ရေး၊ လက်ရှိရန်ပုံငွေ အခြေအနေနှင့်အခြား ကြိုတင်ကာကွယ်ရေး ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)