ဝါးခယ်မ ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် ကျင်းပသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဝါးခယ်မမြို့ ရွှေခယ်သီရိ အားကစားခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ဖူဆယ် ဘောလုံးပြိုင်ပွဲများတွင်ဆုရရှိသည့် အသင်းများနှင့် အားကစားသမားများကို ဆုဖလား၊ ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)