ရန်ကုန် ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် နေ့စဉ်အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများဖြစ်သော အင်းစိန်ဈေး၊ မြို့သစ်ဈေး၊ ကြို့ကုန်းဈေး၊ ဘိုကုန်းဈေး၊ နံ့သာကုန်းဈေး၊ ဆယ်မိုင် ဈေး၊ ဖော့ကန်ဈေး၊ လေဟာပြင်ဈေး၊ ဟီနိုးဂိတ် လေဟာပြင်ဈေး၊ ကြက်ဘဲဈေးနှင့် အောင်ဆန်းဈေးတို့တွင် ဈေးရောင်းချသူများနှင့် ဈေးဝယ် လာသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အင်းစိန်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ လမ်းညွှန်မှု ဖြင့် ဈေးတာဝန်ခံများနှင့် ဝန်ထမ်းများက နေ့စဉ်အသံချဲ့စက်ဖြင့် ဈေးအတွင်းသို့ လှည့်လည်ကာ ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်း စရာများစသည်တို့ကို အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို