ဝါးခယ်မ ဇွန် ၂၁
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ မြန်မာနိုင်ငံ၏စိုက်ပျိုးရေး ဂေဟစနစ် မတူညီသည့်ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ရေရှည် တည်တံ့သည့် သီးနှံစိုက်ပျိုးရေးနှင့် သစ်တောစီမံအုပ်ချုပ်မှုစီမံကိန်းနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပေါ်ဆန်းရင် မျိုးစပါးများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါ်ဆန်းရင်မျိုးစပါးများကို CSA. CA တို့နှင့် သဘာဝဝန်းကျင်မပျက် စိုက်ပျိုးနိုင်ရန် အတွက် ကြာဖြူကျေးရွာရှိ တောင်သူ(၂ဝ)ဦး၊ အူကျွန်းကျေးရွာရှိ တောင်သူ(၂၀)ဦး စုစုပေါင်း တောင်သူ(၄၀)ဦးတို့အား တစ်ဦးလျှင် တစ်တင်းနှုန်းဖြင့် ပေါ်ဆန်းရင်စပါးတင်း(၄၀) အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း ဝါးခယ်မမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စောသန္တာဦး(ပြန်/ဆက်)