ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပ

အုတ်ဖို ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကော်မတီ အစည်းအဝေးကိုကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလွင်မှ အဖွင့်အမှာစကားပြောကြားရာ ကလေးသူငယ်များအားအနိုင်ကျင့်မှု၊ အကြမ်းဖက်မှုများမရှိစေရေး၊ ကလေးသူငယ်များရှိရမည့် အခွင့်အရေးများ အပြည့်အစုံရရှိရေးတို့ကို ဆွေးနွေးပြီး သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ  တာဝန်ခံ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်စိုးမှ ကလေးသူငယ်များ နှင့် ပတ်သက်သောလုပ်ငန်းရပ် များအားဆွေးနွေးပြောကြားသည်။ ထိုနောက် မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်မှ ကလေးအလုပ်သမားဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းရာ ဒေါ်မြင့်မြင့်စိုးက ပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

အောင်သူ(အုတ်ဖို)