အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2021
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ဇွန်ပထမပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၁၆ရက် ညမှစ၍ သမိုင်းဝင် ရွှေဆံတော် စေတီရင်ပြင်ရှိ တောင်ကမ်းပါးရံများမြေပြိုကျမှုဖြစ်ပွါး ခဲ့သဖြင့် ရွှေဆံတော် စေတီ မှာထိခိုက်မှုမရှိပဲ စေတီအနီးရှိ ဆောက်လုပ်လျက်ရှိသည့် သာသနိကအဆောက်အဦ အောက်ခြေနံရံများ ပြိုကျမှုကြောင့် အဆောက်အဦကွဲအက်ပြိုကျမှုများပြန်လည်ပြုပြင်ရေး ကော်မတီညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၃ရက်နံနက်၉.၃၀နာရီက အဆိုပါရင်ပြင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
Jun 23,2021
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါသည် ယခုအခါ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ဖြစ်ပေါ်ပျံ့ပွားလျက်ရှိရာ နောင်ချိုမြို့မဈေးနှင့် ကျေးလက်ဈေးများကို ဇွန်လ ၂၃ ရက်မှ စတင်၍ ယာယီပိတ်ထားလျက်ရှိကြောင်း သိရသည်။
Jun 23,2021
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အမှတ် ၁၁ နယ်မြေ  တဲကြီးကုန်းရပ်ကွက်၌ သြဂဲနစ်ဘူးပင်များ စမ်းသပ်စိုက်ပျိုးကာ  အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  သိရသည်။
Jun 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 
Jun 23,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ ပရဟိတအဖွဲ့တစ်ခုဖြစ်သော အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(JIP)တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်လျက်ရှိသည့် ပိုင်ကျုံ-မိုးနိုင်းချောင်းကူး တံတားကြီးအားဒီဇင်ဘာလ(၁၉)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၅)ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
Jun 23,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် ခွေးပြုတ်ကျေးရွာ စာသင်ကျောင်းနှင့် ပျဉ်တိုင်းကျေးရွာသို့ ရန်ကုန်မြို့ ဝေမျှခြင်းအဖွဲ့က သောက်သုံးရေ လှူဒါန်းခြင်းအား ယနေ့ နံနက်ပိုင်းကလှူဒါန်းပေးခဲ့ကြောင်း  သိရသည်။
Jun 23,2021
ထိုင်းနိုင်ငံတွင် သွားရောက်နေထိုင် အလုပ်လုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံ၍ ပြစ်ဒဏ်စေ့ကာ နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ် အချိန်တွင်  ရောက်ရှိခဲ့ကြကြောင်းသိရသည်။