အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း နယ်မြေသတင်းထုတ်ပြန်ခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်စေရေးအတွက် ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်စန္ဒာမိုးက ခရိုင်အတွင်း နယ်မြေသတင်းများ ရယူဆောင်ရွက်လျက်ရှိသော ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ မြို့နယ်အဆင့် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၁၀နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ တက်ရောက် အမှာစကားပြောကြားခဲ့သည်။
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2021
ကရင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ၏ (၁/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဖားစည်မြေခန်းမ၌ ကျင်းပခဲ့သည်။
Jun 23,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေးများအပေါ် သက်ဆိုင်ရာဌာနအသီးသီးက လက်ရှိဆောင်ရွက်နေမှုများ၊ လတ်တလော ဖြေရှင်းပေးရန် လိုအပ်သည့် အကြောင်းအရာများနှင့် ရှေ့ဆက် ဆောင်ရွက် ရမည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးနိုင်ရန် ရည်ရွယ်၍  လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ခရိုင် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 23,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာ စက်ချုပ်သင်တန်း(၂/၂၀၂၁)ကို ကျောင်းကုန်းကျေးရွာ တွင် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Jun 23,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စူဠဆုနှင်းသဘင် ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လည် (၁၂)နာရီ အချိန်က မြို့မပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်)ကျောင်း မြေထိန်းနံရံပြိုကျနေမှုကို အချိန်မီပြုပြင်နိုင်ရေး ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်း၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝေနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။