Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သီပေါမြို့၌ကိုဗစ်−၁၉ ရောဂါ အတည်ပြုလူနာ(၅)ဦး တွေ့ရှိ
Jun 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မြို့လယ်ရပ်ကွက်၊ နယ်မြေ (၈)၊ စိန်လမ်းနေ အသက်(၆၄)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၆၁)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက်(၃၉)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၃၇)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့်အသက်(၃၄) နှစ် အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း(၅)ဦးတွင် ယမန်နေ့ ညနေပိုင်းက ကိုဗစ်−၁၉ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား များ ဆောင်ရွက်ပေးလျက်ရှိ
Jun 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ပြည်သူလူထုများအား နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေ ရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက မြိတ်တောင်ကျေးရွာရှိ ပြည်သူ့ဝန်ဆောင် မှု (OSS)ရုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 23,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှု ရှိစေရန်၊ မိုးရာသီကာလအတွင်းရောက်ရှိလာပြီဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ပြီးသားဖြစ်စေရန်၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပေါ်လာပြီဖြစ်သည့်အတွက် Isolation ကို ပြင်ဆင်၍ လူနာများကိုထားရှိပြီး ကုသနိုင်ရန်ရည်ရွယ်၍ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများက ယနေ့နံနက် ၁၀ နာရီအချိန်က စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ KNU/KNLA-PC မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဆေးဝါးများနှင့် ကျောင်းသုံဗလာစာအုပ်များ ထောက်ပံ့ပေးအပ်
Jun 23,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA- PC) မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဆေးဝါးများနှင့် ကျောင်းသုံးဗလာစာအုပ် များ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jun 23,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အောင်မြင်စွာကျင်းပပြုလုပ်နိုင် ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မူးယစ်ဆေးဝါးအသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 23,2021
၂၀၂၁ ခုနှစ် ၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ် က ထုတ်ဝေသည့် မူးယစ်ဆေးဝါးအသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့မွန်းလွဲပိုင်းနှင့် ယနေ့ နံနက်ပိုင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ ၊ ပြည်သူများအားအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ အသိပညာပေးနံရံကပ်ဘုတ်ပြသ…
Jun 23,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထက(၅)ကျောင်း၌ ဇွန်လ ၂၆ ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးနံရံကပ်ဘုတ်ပြသခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်တွင် သံဃာတော်များကို ဆွမ်းဆက်ကပ် လှူဒါန်း
Jun 23,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအစီစဉ်ဖြင့် ချမ်းအေးသာစံမြို့နယ်တွင် သံဃာတော်များ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ နန်းဦးတိုက် ပရိယတ္တိစာသင်သာသနာပြု မော်လမြိုင် ဓမ္မရိပ်သာ ကျောင်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26487
Page
26488
Page
26489
Page
26490
Current page
26491
Page
26492
Page
26493
Page
26494
Page
26495
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department