နမ့်စန်(တ) ဇွန် ၂၃
ထိုင်းနိုင်ငံတွင် သွားရောက်နေထိုင် အလုပ်လုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံ၍ ပြစ်ဒဏ်စေ့ကာ နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ် အချိန်တွင် ရောက်ရှိခဲ့ကြကြောင်းသိရသည်။
မော်တော်ယာဉ် ၃ စီးဖြင့် ရောက်ရှိဖြတ်သန်းလာသော နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား ကျား (၄၀) ဦး ၊ မ (၉) ဦး စုစုပေါင်း( ၄၉) ဦးကို မြို့နယ်မှ တာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကြိုဆိုခဲ့ကြသည်။
ထို့နောက် နမ့်စန်မြို့တွင် အမျိုးသား (၂)ဦးဆင်းကျန်ခဲ့ပြီး ကျန်ခရီးသည်များမှာ နေ့လယ် ၁၂နာရီ ၂၅ မိနစ်တွင် တောင်ကြီးမြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်