အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jun 23,2021
ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများ ရရှိစေရန်နှင့် နည်းလမ်းမှန်ကန်စွာ လိုက်နာ ကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က “‌ဝန်ထမ်းကျင့်ဝတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 23,2021
တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မူးယစ်ဆေးဝါး နှင့်ပတ်သက်၍ ကျောင်းသား လူငယ်များကြား ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်ကာ တောင်တွင်းကြီးမြို့ မြို့မအလယ်တန်း ကျောင်းတွင် ၂၀၂၁ ခုနှစ် ဇွန် လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက အခမဲ့လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jun 23,2021
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်းနှင့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄၂)၊ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရန်ကုန်ရုံးခွဲ(၃ လွှာ)သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်းနှင့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄၂)၊ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရန်ကုန်ရုံးခွဲ(၃ လွှာ)သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်းနှင့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄၂)၊ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရန်ကုန်ရုံးခွဲ(၃ လွှာ)သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
Jun 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၌ ဌာနဆိုင်ရာများမှ Mask Capaign အသိ ပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဟုမ္မလင်းမြို့ ၊ကမ်းနားလမ်းဆုံ၊ မြို့မစျေး​​​ရှေ့ တို့၌ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
Jun 23,2021
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ( ကိုဗစ် - ၁၉ ) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင် ကာကွယ်ရေးအတွက် သံသယလူနာများ ရှိလာပါက အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့် ဆောင်ရွက်နိုင်ရန် ၂၀၂၁ - ခုနှစ် ၊ ဇွန် ( ၂၂ ) ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ၊ ခရိုင်အားကစားကွင်းအတွင်း၌ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ကြိုတင်စီမံပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
Jun 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ်အတွင်း စာသင်ကျောင်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေများနှင့်ပန်းခင်းစီမံချက်အရ မှတ်ပုံတင်ပြုလုပ်နေမှုများကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ယင်းမာပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမန်ကိုဟောနှင့် အဖွဲ့ဝင် များက ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။