ညောင်ဦး ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် ခွေးပြုတ်ကျေးရွာ စာသင်ကျောင်းနှင့် ပျဉ်တိုင်းကျေးရွာသို့ ရန်ကုန်မြို့ ဝေမျှခြင်းအဖွဲ့က သောက်သုံးရေ လှူဒါန်းခြင်းအား ယနေ့ နံနက်ပိုင်းကလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ကျေးလက်ဒေသများတွင် မိုးတွင်းကာလဖြစ်သော်လည်း မိုးရွာသွန်းမှု မရှိသေးသည့်ကျေးရွာများ သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေခြင်းကြောင့် ရေအလှူရှင် အသင်းများလှူဒါန်းသည့် သောက်ရေကိုသာ မှီခိုအားထားနေရဆဲဖြစ်ကြောင်း အေးမေတ္တာရေ အလှူတော်အသင်းထံက သိရသည်။ညောင်ဦးမြို့နယ်တွင် ကျေးလက်စာသင်ကျောင်းအများစု သောက်သုံးရေ ရှားပါးလျက်ရှိနေကြပြီး သောက်သုံးရေအလှူတော်အသင်းများက သောက်သုံးရေ လိုအပ်နေသောကျောင်းများ၊ ကျေးရွာများ၊ တဲတိုက်များအား ဖြန့်ခွဲလှူဒါန်း ပေးလျက်ရှိကြောင်းနှင့် စက်ရေတွင်းမရှိသေးသည့် ကျေးရွာများ၊ စာသင်ကျောင်း များသို့ သောက်သုံးရေလှူဒါန်းလိုခြင်း၊ စက်ရေတွင်းလှူဒါန်းလိုမှု၊ မိုရေသိုလှောင်ကန် လှူဒါန်း လိုပါကလည်း အေးမေတ္တာသောက်ရေအလှူတော်အသင်းသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ကိုထိန်၊KPD