ပိုင်ကျုံ-မိုးနိုင်း(ဒါးကျိုင်း)ချောင်းကူတံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ    ဇွန်  ၂၃

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ ပရဟိတအဖွဲ့တစ်ခုဖြစ်သော အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(JIP)တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်လျက်ရှိသည့် ပိုင်ကျုံ-မိုးနိုင်းချောင်းကူး တံတားကြီးအားဒီဇင်ဘာလ(၁၉)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၅)ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

ဂျပန်အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JIP) အနေဖြင့် မြန်မာနိုင်ငံ အတွင်း  မြို့ပြနှင့် ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေရေးနှင့် လူနေမှု ဘဝမြင့်မားဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပြီး တံတားကြီးတည်ဆောက်ခြင်းလုပ်ငန်းကို (JIP)  အဖွဲ့အစည်း တာဝန်ခံ ဦးစိန်သောင်း ၏ အနီးကပ်ကြီးကြပ်မှုဖြင့် တည်ဆောက်လျက်ရှိရာ တံတားမှာ အရှည် (၅၃၀)ပေနှင့် အကျယ်(၁၅)ပေရှိပြီး တံတားခံနိုင်ဝန်မှာ တန်(၂၀)ရှိကြောင်း သိရသည်။

အဆိုပါတံတားကြီးအား ဇွန်လ(၂၁)ရက်နေ့တွင် မော်တော်ဆိုင်ကယ်များအား ဖြတ်သန်း သွားလာခွင့်ပြုပြီး မော်‌တော်ယာဉ်များကို ဇွန်လ(၂၈)ရက်နေ့တွင်ဖြတ်သန်း သွားလာခွင့်ပြုမည်ဖြစ်‌ကြောင်း သိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများအ‌နေဖြင့် ပညာ‌ရေး၊ စီးပွာရေး၊ ကျန်းမာ‌ရေး၊ လူမှု‌ရေးလုပ်ငန်းများ‌ ဆောင်ရွက်ရာတွင် သွားရေး၊ လာရေးအတွက် အဆင်‌ပြေ လွယ်ကူစေကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)